အခုနှစ်ဆန်းပိုင်းမှာ ဆန်ဈေးကွက်ထဲကို ကောက်ညှင်းဆန် အဝင်နည်းနေပြီး ဈေးနှုန်းတွေလည်း မြင့်တက် နေတယ်လို့ ရန်ကုန်ဆန်ပွဲရုံ အသိုင်းအဝိုင်းက သိရပါတယ်။ ဖေဖော်ဝါရီလ အစောပိုင်းက ၂၄ ပြည် ကောက်ညှင်း ဆန်ထိပ်စ လက်ကား တစ်အိတ်ဈေးက ကျပ် ၁ သိန်း ၈ သောင်း ဝန်းကျင်သာရှိရာကနေ အခုအခါ တစ်အိတ်ကို ကျပ် ၁ သိန်း ၉ သောင်းခွဲ ဝန်းကျင်ကို ရောက်ရှိလာတာပါ။

အရည်အသွေးညံ့ ကောက်ညှင်းဆန် လက်ကား တစ်အိတ်ကတော့ ကျပ် ၁ သိန်း ၆ သောင်းကျော်ဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။အခုလို ဈေးတက်မြင့်တက်တာက အဝယ်လိုက်လို့ မဟုတ်ဘဲ ပစ္စည်းပြတ်နေလို့ ဈေးတက်လာတာြဖစ်တယ်လို့ ရန်ကုန်မြို့ ရွှေမိုးဆန်ရောင်းဝယ်ရေးက တာဝန်ရှိသူတစ်ယောက်က ပြောပါ တယ်။ လက်လီလက်ကားဈေးကွက်ထဲမှာ ကောက်ညှင်းဆန်က အရောင်းအဝယ်ပါးနေပြီး အခုနှစ်မှာ ကောက်ညှင်းဆန် ကို အိတ်ရာချီ ဝယ်ယူသိုလှောင်တဲ့ ဝယ်လက်တွေလည်း မရှိသလောက် နည်းနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်ကို ကောက်ညှင်းဆန်တွေ အဝင်နည်းနေသလို ကောက်ညှင်းဆန်ကွဲကလည်း ပစ္စည်းတွေ ပြတ်နေပြီး ဈေးဖွင့်မရဖြစ်နေတယ်လို့ ဆန်လက်ကားဒိုင်တချို့ဆီက သိရပါတယ်။ဇန်နဝါရီလကုန်ပိုင်းက ၂၄ ပြည် ကောက်ညှင်းဆန်ကွဲ လက်ကားတစ်အိတ်ကို ကျပ် ၁ သိန်း ၂ သောင်းကနေ ၁ သိန်း ၃ သောင်းကြားရှိပြီး လက်လီဈေးကွက်ထဲမှာ တစ်ပြည်ကို ကျပ် ၃၀၀၀ ဝန်းကျင်ပေါက်ဈေး ရှိနေပါတယ်။