အမေရိကန်ဒေါ်လာတန်ဖိုးတက်လာခြင်းနဲ့ ရေနံထုတ်လုပ်သူနိုင်ငံများအဖွဲက ရေနံတိုးမြှင့်ထုတ်လုပ်နိုင်ခြေတိုကြောင့် မေလ ၂၃ ရက်နေ့မှာ ကမ္ဘာ့ ရေနံဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ် ။ရေနံဈေးနှုန်းက ကမ္ဘာ့စံတော်ချိန် ဝဝး၁၅ မိနစ်မှာ တစ်စည်ကို ၆၄.၀၇ ဒေါ်လာဖြစ်သွားပြီး ၃၇ ဆင့်ကျဆင်းခဲ့ပါတယ် ။U.S. West Texas Intermediate ( WTI ) ရဲ့ရေနံဈေးကလဲ ၆၀.၈၁ ဒေါ်လာဖြစ်သွားပြီး ၃၉ ဆင့် ကျဆင်းခဲ့ပါတယ် ။

တစ်ပတ်အတွင်းမှာ ဥရောပရေနံဈေးက ၂% ကျသွားခဲ့ပြီး အမေရိကန်ရေနံဈေးကွက်က ၂.၇% ကျသွားခဲ့ပါတယ် ။ Bloomberg သတင်းဌာနဖော်ပြချက်အရ OPEC+ အဖွဲကရေနံထုတ်လုပ်မှုကိုအမြောက်အမြားထပ်မံတိုးမြှင့်ဖိုစဉ်းစားနေခဲ့တယ်ဆိုတဲ့သတင်းကြောင့်ရေနံဈေးပိုမိုကျဆင်းသွားစေခဲ့တာဖြစ်တယ်လို သိရပါတယ်။