အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သံမဏိနဲ့ အလူမီနီယံအပေါ် အခွန်ကောက်ခံမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကုန်ပစ္စည်း အများအပြားအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ဖို့ ဥရောပကော်မရှင်က အဆိုပြုခဲ့တယ်လို့ Reuters သတင်းမှာ ရေးသားထားပါတယ်။

အမေရိကန် ကုန်ပစ္စည်းအချို့အပေါ် စည်းကြပ်ခွန် ကောက်ခံမှုက မေလ ၁၆ ရက်မှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ ဥရောပ ကုန်သွယ်ရေးအကြီးအကဲက ပြောကြားထားပါတယ်။ တစ်ဖက်မှာလည်း ပြင်သစ်နဲ့ အီတလီတို့က တင်သွင်းလာတဲ့ ဝိုင်တွေအပေါ် အခွန် ၂၀ ရာခိုင်နှုန်းအထိ ကောက်ခံ မယ်ဆိုတဲ့ ထရမ့် ခြိမ်းခြောက်မှုကို ဥရောသမဂ္ဂအဖွဲ့ဝင်တွေက စိုးရိမ်နေကြပါတယ်။အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တစ်ကမ္ဘာလုံးနီးပါးအပေါ် သွင်းကုန် စည်းကြပ်ခွန်တွေ သတ်မှတ်လိုက် တာဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစနစ်ကို ဖျက်ဆီးလိုက်တာပါလို့ လေ့လာသူတွေက ခန့်မှန်းသုံးသပ်ထား ကြပါတယ်။

နိုင်ငံအားလုံးနီးပါးအပေါ် စည်းကြပ်ခွန်တွေ တိုးမြှင့်တာဖြစ်လို့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွေ ကျိုးပျက်ပြီး နောက်ဆက်တွဲ အကျိုးဆက်တွေ မလွဲမသွေ ဖြစ်လာမယ်လို့လည်း လေ့လာသူတွေက ပြောကြား ထားပါတယ်။ အဲဒီ အခွန်စည်းကြပ်မှုဟာ အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံအားလုံးနီးပါးအပေါ် သက်ရောက်စေပြီး အထူး သဖြင့် အာရှနိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု မြင့်မြင့်မားမား သတ်မှတ်ထားတာကို တွေ့ရ ပါတယ်။ ထရမ့်ရဲ့ အခွန်စည်းကြပ်မှု ကြေညာချက်အသစ် ထွက်ပေါ်လာတဲ့နောက် အာရှစျေးကွက် ရှယ်ယာ တန်ဖိုးတွေ သိသိသာသာ ထိုးကျကုန်သလို ကမ္ဘာ့ရွှေစျေးကလည်း စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။