ကဏ္ဍအလိုက် ဒဏ်ကြေးပေးသွင်းဖို့ ပျက်ကွက်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၂၀ ကျော်ရှိပြီး အချို့ အေဂျင်စီတွေဟာ သတ်မှတ်ရက်မှာ ဒဏ်ကြေးမပေးတဲ့အတွက် လစဉ် ဒဏ်ကြေးတိုးမြှင့်ပေးဆောင် ရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခွန်ပေးဆောင်မှု မရှိတာ၊ ကဏ္ဍအလိုက် ဒဏ်ကြေးပေးသွင်းဖို့ ပျက်ကွက်တာအတွက် အလုပ်ခေါ်စာ အသစ် တင်ပြခွင့် ဆိုင်းငံ့ထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၂၃ ခု ရှိပြီး အဲဒီထဲက အေဂျင်စီ ၁၆ ခုဟာ သတ်မှတ် ရက်အတွင်း ဒဏ်ကြေးမဆောင်တဲ့အတွက် လစဉ် ကျပ် ၁ သိန်းနှုန်း တိုးမြှင့်ကောက်ခံမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။

အဓိက ဒဏ်ကြေးရိုက်ခံရတဲ့ အေဂျင်စီအများစုကတော့ ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထား မတင်ပြနိုင်တာတွေနဲ့ အလုပ်သမားမပို့တဲ့ အေဂျင်စီတွေ ဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုက တာဝန်ရှိသူတစ်ယောက်က ပြောပါ တယ်။ ဒဏ်ကြေးငွေ မပေးသွင်းမီ ကာလအတွင်း Demand Letter (အလုပ်ခေါ်စာ)အသစ် တင်ပြခွင့်ကိုပါ ဆိုင်းငံ့ထား တယ်လို့ သိရပါတယ်။ အလုပ်သမားစေလွှတ်တဲ့ လချုပ်စာရင်းတွေကို အချိန်မီ ပေးပို့တင်ပြဖို့ မိသားစုလွှဲပို့ငွေ စိစစ်မှုကို ၄ လ တစ်ကြိမ် စိစစ်နေတဲ့အတွက် အလုပ်သမားလွှဲပို့ထားတဲ့ အထောက်အထားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သတင်း ပို့ဖို့ကိုလည်း အသိပေးထားပါတယ်။