ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့ ဘိလပ်မြေတွေဟာ လက်ရှိမှာ စျေးကွက်အတွင်း ပစ္စည်းပြတ် လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး ဆိုင်တွေကနေ သိရပါတယ်။

လက်ရှိ ဈေးကွက်ထဲမှာ ဘိလပ်မြေဈေးတွေဟာ မြင့်တက်နေသလို ပစ္စည်းတွေကလည်း ဝယ်မရဘဲ ဖြစ်နေတာ ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတချို့မှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ် ကိုင်တဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်၊၊အရင်နှစ်ကဆိုရင် ဘိလပ်မြေတစ်အိတ်ကို ကျပ် ၁ သောင်းကျော်လောက်သာ ဈေးရှိခဲ့ရာက လက်ရှိမှာ ဘိလပ်မြေ တစ်အိတ်ကို ကျပ်နှစ်သောင်းကျော်ကနေ ကျပ်သုံးသောင်းဝန်းကျင်ထိ ပေါက်ဈေး ရှိနေပါတယ်။

ဘိလပ်မြေအပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့ အုတ်၊သဲ၊ကျောက် အပါအဝင် အခြားပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ ကလည်း လတ်တလော အမြင့်ပိုင်းမှာ ဆက်ရှိနေတယ်လို့ အိမ်ဆောက်ပစ္စည်းဈေးကွက်ကနေ သိရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် တည်ဆောက်စရိတ်တွေက လည်း အရင်ကထက် ၃ ဆလောက် မြင့်တက်လာတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေဆီကနေ သိရ ပါတယ်။