ထိုင်းအစိုးရက နိုင်ငံခြားသားအလုပ်သမားတွေ တရားဝင်နေထိုင်ခွင့်အတွက် အထောက်အထားတစ်ခုဖြစ်တဲ့ ပန်းရောင်ကတ်(ဘတ်ကတ်) လျှောက်ထားဖို့ အမည်စာရင်းတင်သွင်းတာကို ပိတ်ထားတယ်လို့ ထိုင်းရောက် မြန်မာတွေဆီက သိရပါတယ်။လက်ရှိမှာ ထိုင်းမှာအလုပ်သွားလုပ်မယ့် လုပ်သားတွေကို ထိုင်းနိုင်ငံရောက်ရင် ရိုးရိုးဘတ်ကတ်ရော၊ VIP ဘတ်ကတ်ရော လုပ်လို့ရတယ်လို့ ပြောဆိုပြီး မြန်မာလုပ်သားတွေကိုခေါ်ယူတဲ့ ပွဲစားတချို့ရှိတယ်လို့ သိရပါ တယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက အခြေအနေအချိန်အခါနဲ့မူဝါဒတွေအပေါ် မူတည်ပြီး ပန်းရောင်ကတ် ထုတ် ပေးနေတာဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။ ဒီကာလမှာ VIP ဘတ်ကတ်ဆိုတာ မရှိသလို ရိုးရိုးဘတ်ကတ်လည်း ဖွင့်ဖို့ မသေချာသေးတာကြောင့် ထိုင်းမှာအ လုပ်လုပ်ချင်တဲ့ မြန်မာတွေအနေနဲ့ အထောက်အထားခိုင်လုံမှု မရှိတာကို စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးခံရနိုင် တာကြောင့် စာရွက်စာတမ်း အထောက်အထားခိုင်မာမှုရှိအောင် ဆောင်ရွက်ပြီးမှာ လာစေချင်တယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေက ပြောပါတယ်။ထိုင်းနိုင်ငံမှာ လက်ရှိအလုပ်သမားဝန်ကြီးအသစ်လက်ထက်မှာ ဘန်ကောက်မြို့ အပါအဝင် ခရိုင် ၅ ခုမှာ ဇူလိုင်လ ၁ ရက်ကစပြီး တစ်ရက်ကို အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ ကို တိုးမြှင့်မယ့်လို့ သိရပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံရဲ့ နေရာပေါင်း ၄၀ မှာ ရွှေ့လျားစနစ်နဲ့ Work Permit တွေ ထုတ်ပေးဖို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံထဲကို နည်းလမ်းမျိုးစုံနဲ့ရောက်ရှိပြီး Overstay ဖြစ်နေသူတွေ တရားမဝင်လမ်းကြောင်းက ဝင်လာပြီး အလုပ်လုပ်နေသူတဲ့ အထောက်အထားမဲ့တွေကို တရားဝင်ဖြစ်အောင် အစိုးရက ပန်းရောင်ကတ်တွေ ပြုလုပ် ပေးတာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ ဇွန်လ ၁၈ ရက်ကနေ ဇူလိုင် ၄ ရက်အထိ ၁၇ ရက်ကြာ တရားမဝင်နိုင်ငံခြားသား ဖမ်းဆီး စစ်ဆေး အရေးယူရေးစီမံချက်အတွင်း ဖမ်းဆီးခံရသူတွေထဲမှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေ အများဆုံး ပါဝင်တယ်လို့ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီက သိရပါတယ်။