ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပိုတဲ့ နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ မေလ ၁၉ ရက်ကနေ ၂၅ ရက်အထိ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီ တစ်ပိဿာကို ၆၅၂၅ ကျပ် သတ်မှတ် ထားတယ်လို စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပိုတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတိုမှ မြန်မာနိုင်ငံကို CIF စနစ်အရ တင်သွင်း နေတဲ့ စားအုန်းဆီ တစ်တန်ဈေးနှုန်းဟာ ဇန်နဝါရီလကစတင်ကာ ဆက်တိုက်ကျဆင်းလာခဲ့ပြီး ပြည်တွင်း တစ်ပိဿာ ရည်ညွန်းဈေးနှုန်းကလည်း အဲဒီ ၄ လတာကာလအတွင်း ၇၅၅ ကျပ် ကျဆင်းလာတယ်လို ဆိုပါတယ်၊၊ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာမှာ စားအုန်းဆီ တင်ပိုတဲ့ နိုင်ငံတွေရဲ့ ဈေးနှုန်းအတက်အကျပေါ်မူတည်ပြီး ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းတွေ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်နေတယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊၊

ဒါ့အပြင် ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင် ရောင်းချတာနဲ့ မသမာတဲ့လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လိုလည်း ထုတ်ပြန်ထားပါတယ်။အဲဒီအပြင် ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီရဲ့ ကြီးကြပ်မှုနဲ့ စားအုန်းဆီတွေကို အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး အစီအစဉ်မှာ စားသုံးသူတွေရဲ့ လက်ဝယ်အရောက် ပေးပိုဆောင်ရွက်ပေးနေတယ်လို သိရပါတယ်၊၊