ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ကန်ထရိုက်တာတွေ လုပ်ငန်းလည်ပတ်နိုင်ဖို့ ဆောက်လုပ်ရေးချေးငွေတွေ လျှောက်ထားနိုင်တယ်လို့ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) က ထုတ်ပြန်ပါတယ်။ ပစ္စည်းတန်ဖိုးပေါ်မူတည်ပြီး ချေးငွေပမာဏကို သတ်မှတ်ချထားပေးမှာဖြစ်ပြီး ချေးငွေကာလ ကို လုပ်ငန်းပရောဂျက်ပေါ် မူတည်ကာ သတ်မှတ်ထားရှိပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ချေးငွေအတိုးနှုန်းအနေနဲ့ကတော့ တစ်နှစ်ကို ၁၂ ရာခိုင်နှုန်းဖြစ်ပြီး အခုလို ဆောက်လုပ်ရေးချေးငွေ လျှောက်ထား လိုရင် ချေးငွေလျှောက်လွှာ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဓာတ်ပုံနှစ်ပုံ၊ ခြောက်လ အတွင်း ရိုက်ကူးထားတဲ့ မြေပုံရာဇဝင်၊ ပုံစံ (၁၀၅)၊ (၁၀၆)၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အထောက် အထားတွေ၊ အာမခံပစ္စည်းဓာတ်ပုံတွေ စတဲ့ စာရွက်စာတမ်းအချက်အလက်တွေနဲ့တကွ လျှောက်ထားရမှာ ဖြစ်ပါ တယ်။ ချေးငွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုရင် နီးစပ်ရာ CHID ဘဏ်ခွဲတွေနဲ့ CHID ဘဏ်ရဲ့ Call Center ဖုန်းတွေ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့ သိရပါတယ်။