ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့ရဲ့ အောက်တိန်း 92 နဲ့ 95 ဈေးတွေဟာ စက်တင်ဘာလ ၂၇ ရက်မှာ အနည်းငယ်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ရန်ကုန်မြို့ရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးဟာဆိုရင် အောက်တိန်း 92 တစ်လီတာကို ၃၁၃၅ ကျပ်၊ အောက် တိန်း 95 တစ်လီတာကို ၃၂၉၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၅၈၅ ကျပ်နဲ့ ပရီမီယမ်ဒီဇယ်တစ်လီတာကို ၃၂၃၀ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။
အခုထုတ်ပြန်တဲ့ ဈေးနှုန်းဟာ စက်တင်ဘာလ ၂၆ ရက်နဲ့ နှိုင်းယှဉ်ရင် အောက်တိန်း 92 နဲ့ 95 တစ်လီတာကို ၇၅ ကျပ်စီ၊ ဒီဇယ်တစ်လီတာကို ၁၀ ကျပ်လောက် ဈေးနှုန်းမြင့်တက်လာတာဖြစ်ပြီး ပရီမီယမ်ဒီဇယ်ဈေးကတော့ အနည်းငယ်ကျဆင်းသွားပါတယ်။
အလားတူ နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေက မြို့ကြီးတွေရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးတွေကလည်း အရင်နေ့ပေါက်ဈေးထက် အနည်းငယ်တက်လာတာကိုတွေ့ရပါတယ်။