ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းတွေကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချသူတွေ၊ ဘိလပ်မြေ အိတ်တွေကို မသမာတဲ့နည်းလမ်းတဲ့ ပြုလုပ်ရောင်းချသူတွေကို အရေးယူထားတယ်လို့ နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုနဲ့ ဆက်စပ်ပြီး ဈေးကွက်မှာ ဘိလပ်မြေဝယ်လိုအား မြင့်တက်ခဲ့တဲ့အတွက် အဆ မတန် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေဖို့ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာရှိတဲ့ မြို့ကြီးတချို့က အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဧပြီ ၂၃ ရက်မှာ ကွင်းဆင်း စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုစစ်ဆေးရာမှာ ဝယ်ရင်းဈေးထက် အမြတ် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ အမြတ်ယူရောင်းချ နေတဲ့ဆိုင် ၃၀၊ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းနဲ့အထက် အမြတ်ယူရောင်းချနေတဲ့ ဆိုင် ၃၂ ဆိုင်၊ ဘိလပ်မြေအိတ်တွေကို မသမာတဲ့နည်းလမ်းနဲ့ ပြုလုပ်ရောင်းချနေတဲ့ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက် မှာ ဖွင့်လှစ်ထားတဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် အပါအဝင် ၈ ယောက်ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူနိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။အိမ်ဆောက်ပစ္စည်းတွေကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချသူတွေကိုလည်း ဆက်လက်ဖော်ထုတ် အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။