အဝေးသင်တက္ကသိုလ်သင်တန်းတွေကို အပ်နှံရာမှာ UAB Pay အပြင် တခြား Pay တွေကိုပါ အသုံးပြုပြီး ငွေပေး ချေနိုင်အောင် ဆောင်ရွက်နေတယ်လို့ အဆင့်မြင့် ပညာဦးစီးဌာနကနေ သိရပါတယ်။ လက်ရှိမှာတော့ အဝေးသင် တက္ကသိုလ်သင်တန်းတွေ အပ်နှံရာမှာ UAB Pay တစ်မျိုးတည်းကိုပဲ အသုံးပြုပြီး ငွေပေးချေလို့ ရသေးတာ ဖြစ်ပါ တယ်။

တခြား Pay တွေကိုပါ အသုံးပြုပြီး ကျောင်းအပ်လို့ရမယ်ဆိုရင် ကျောင်းသားကျောင်းသူတွေအတွက် ပိုပြီး အဆင်ပြေသွားနိုင်တယ်လို့ အဝေးသင်တက္ကသိုလ်ကျောင်းသားအများစုက မှတ်ချက်ပြု ပြောကြားထားပါတယ်။အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းတွေအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ကနေ ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်အထိ ကျောင်းအပ်လက်ခံနေပြီး ဒုတိယနှစ်နဲ့အထက်ကိုတော့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ကနေ မေလ ၁၆ ရက်အထိ ကျောင်းအပ်လက်ခံနေတယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာနက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။