နိုင်ငံပိုင်နဲ့ပုဂ္ဂလိက ကဏ္ဍတွေမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို အရည်သွေးကောင်းမွန်တဲ့ စက်မှုထုတ်ကုန်တွေ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရမှာ ဖြစ်တယ်လို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်၊၊မေ ၂၇ ရက်က ကျင်းပပြုလုပ်တဲ့ စက်မှုဖွံ့ဖြိုးရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့တာပါ။

စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ One Stop Service(OSS) အစီအစဉ်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပြီး စက်မှုဖွံ့ဖြိုးရေးကော်မရှင်ရဲ့ လုပ်ငန်းတာဝန် (၁၆)ချက်နဲ့ ပတ်သက်ပြီး လုပ်ငန်းတာဝန်အလိုက် ဆောင် ရွက်ရမယ့် တာဝန်ခံ ဝန်ကြီးဌာနတွေကို သတ်မှတ်ပြီးဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ နိုင်ငံတော်ရဲ့ စက်မှုဖွံ့ဖြိုးရေးကဏ္ဍကို အထောက်အကူပြုနိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ကြီး မြထွန်းဦးက ပြောပါတယ်၊၊လက်ရှိအချိန်မှာ ပြန်လည်ထူထောင်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ၊ သံမဏိ အစရှိတဲ့ ပစ္စည်းတွေ လိုအပ်နေပြီး ပြည်တွင်းမှာ တည်ဆောက်ပြီးဖြစ်တဲ့ စက်ရုံတွေကို စွမ်းအားပြည့် လည်ပတ်နိုင်ရေး ပံ့ပိုး ပေးဖို့ လိုအပ်သလို စက်ရုံသစ် စီမံကိန်းတွေ တိုးပွားလာရေးကိုလည်း တစ်ပြိုင်နက် လုပ်ဆောင်ကြရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ပြည်တွင်းကုန်ကြမ်းတွေ အသုံးပြုပြီး သွင်းကုန်အစားထိုး ထုတ်လုပ်ဖို့ ကြိုးပမ်းနေသလို ပြည်ပက ကုန်ချောတွေ တိုက်ရိုက်တင်သွင်းတာအစား တစ်ဝက်တစ်ပျက်ကုန်ချောတွေ တင်သွင်းကာ ပြည်တွင်းမှာ ကုန်ချောတွေ ထုတ်လုပ်နိုင်ရေးကိုလည်း စဉ်းစားဆောင်ရွက်ပေးစေလိုပြီး အဲဒါမှသာ နိုင်ငံခြားငွေ အသုံးပြုမှု လျှော့ချနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့ပါတယ်၊၊