ပြည်တွင်းက ငွေကြေးအရင်းအနှီးလိုအပ်နေတဲ့ ဆီစက်ပိုင်ရှင်တွေကို သက်သာတဲ့အတိုးနှုန်းနဲ့ ဆီစက်လုပ်ငန်းများဖွံဖြိုးရေးချေးငွေထုတ်ချေးမယ်လို သိရပါတယ်။ဆီစက်လုပ်ငန်းများဖွံဖြိုးရေးချေးငွေလျှောက်ထားရာမှာ လက်ရှိလုပ်ငန်းလည်ပတ်လူပ်ကိုင်နေတဲ့ဆီစက်ဖြစ်ရမှာဖြစ်ပြီး လုပ်ငန်းအမည်ပေါက်လိုင်စင် သက်တမ်းရှိရမှာပါ။ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်တဲ့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေ၊ လယ်ယာမြေလုပ်ပိုင်လက်မှတ် ပုံစံ ၇ကို ပေးအပ်ရမယ်လိုသိရပါတယ်။

ဘဏ်တွေကနေ လက်ရှိချေးငွေယူထားတဲ့ဆီစက်တွေကတော့ သီးခြားအာမခံတင်ပြနိုင်မှ သာချေးငွေထုတ်ချေးမယ်လို ဆိုပါတယ်။ချေးငွေထုတ်ချေးရာမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ အတွက် အနည်းဆုံးကျပ်သိန်း ၁၀၀ ကနေ အများဆုံးကျပ်သိန်း ၅၀၀၀ အထိ မတည်ရင်းနှီးငွေအတွက် အနည်းဆုံးကျပ် သိန်း ၂၀၀ ကနေ ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးသွားမယ်လို သိရပါတယ်။ကျပ်သိန်း ၅၀၀၀ အထက် ရယူလိုတဲ့ လုပ်ငန်းရှင်တွေကတော့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ရုံးချုပ်ကို တိုက်ရိုက်လျှောက်ထားရမှာပါ။ချေးငွေပြန်ဆပ်ရမယ့်ကာလအနေနဲ့လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ အတွက် ချေးငွေသက်တမ်း ၁ နှစ်၊ မတည်ရင်းနှီးငွေအတွက် ချေးငွေသက်တမ်း၃ နှစ် ၊၃ရစ်ဆပ် ရမှာဖြစ်ပြီး အတိုးနှုန်းကတော့ တစ်နှစ်ကို ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ချေးငွေလျှောက်ထားရယူချင်တဲ့ ဆီစက်လုပ်ငန်းရှင်တွေအနေနဲ့ နေပြည်တော်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ်တိုက ဆီစက်ပိုင်ရှင်များအသင်းရုံး၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းရုံး ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ရုံးခွဲအားလုံး၊ မြန်မာ့စီးပွားရေးဘဏ်ခွဲအားလုံး နဲ့ မြန်မာ့လယ်ယာဖြိုးဖွံဖြိုးရေးဘဏ်ခွဲအားလုံးမှာ ချေးငွေအဆိုပြုလွှာထုတ်ယူပြီး လျှောက်ထားရမယ်လို သိရပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရဲ့ လမ်းညွှန်မှုနဲ့ ဆီစက်လုပ်ငန်းများဖွံဖြိုးရေးချေးငွေစီမံခန့်ခွဲမှုအဖွဲက ပြည်တွင်းဆီစက်တွေမှာ ခေတ်မီစက်ပစ္စည်းတွေ တိုးချဲ့တပ်ဆင်နိုင်ဖို ၊ ခေတ်မီဆီစက်အသစ်တွေ ထပ်မံတည်ဆောက်နိုင်ဖိုနဲ့ ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်တွေအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေက မတည်ထူထောင်ထားတဲ့ ဆီစက်လုပ်ငန်းများချေးငွေရန်ပုံငွေကနေ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေ ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။