ဂျပန်အနေနဲ့ အမေရိကန် ဒေါ်လာ ၁ ထရီလီယံကျော် တန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ် အများအပြား ကိုင်ဆောင် ထားပြီး ဒါတွေက ကုန်သွယ်ရေး ဆွေးနွေးပွဲတွေမှာ အသာရဖို အရေးပါတဲ့ ကိရိယာတွေဖြစ်တယ်လို ဂျပန် ဘဏ္ဍာရေးဝန်ကြီး ကတ်ဆုနိုဘူကာတိုက ပြောပါတယ်။ ဂျပန်ရဲ့ ထိပ်တန်းကုန်သွယ်ရေးညှိနှိင်းရေးမှူး အကာဇာဝါ (Akazawa)ဟာ မေလ ၁ ရက်က အမေရိကန်ဘဏ္ဍာ ရေးဝန်ကြီး စကော့တ် ဘက်ဆင့် (Scott Bessent)နဲ့ ဝါရှင်တန်မှာ ဒုတိယအကြိမ်မြောက် အခွန်စည်းကြပ်မှုဆိုင် ရာ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ဆွေးနွေး ပွဲအတွင်း ရုပ်သံအစီအစဉ်တစ်ခုမှာ ပြောခဲ့တာပါ။

ဂျပန်အနေနဲ့ ဒီငွေတိုက်စာချုပ်တွေကို ဈေးကွက်မှာ တကယ် ထုတ်ရောင်း၊ မရောင်းဆိုတာကတော့ သေချာ မပြောနိုင်ဘူးလို ဂျပန်ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ ဂျပန်ရဲ့ ထိပ်တန်းကုန်သွယ်ရေးညှိနှိင်းရေးမှူး အကာဇာဝါကတော့ ဂျပန်အနေနဲ့ လာမယ့် ဇွန်လထဲမှာ အမေရိကန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ရဖို ဆောင်ရွက်နေတယ်လို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးနဲ့ ဆွေးနွေးမှုအပြီးမှာ ပြောပါတယ်။

ဂျပန်နဲ့ အမေရိ ကန်ကြား ကုန်သွယ်ရေး ဆွေးနွေးမှုကို ပြီးခဲ့တဲ့ ဧပြီလထဲက တစ်ကြိမ်ပြုလုပ်ခဲ့ပြီး မကြာခင်မှာ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိတွေရဲ့ ဆွေးနွေးပွဲတစ်ခု ထပ်လုပ်ဖိုလည်း သဘောတူညီချက် ရခဲ့တယ်လို အကာဇာဝါက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျပန်နိုင်ငံက သွင်းကုန်တွေအပေါ် အခွန် ၂၄ ရာခိုင်နှုန်းအထိ ကောက်ခံဖို စီစဉ်နေတာဖြစ်ပြီး လက်ရှိမှာတော့ ဒီအခွန်ကောက်ခံမှုကို လာမယ့် ဇူလိုင်လဆန်းအထိ ဆိုင်းငံ့ထားပါတယ်။