စင်ကာပူအခြေစိုက် အကြီးဆုံးဘဏ်ဖြစ်တဲ့ DBS က နောက် ၃ နှစ်ကျော်အတွင်း အလုပ်နေရာ ၄၀၀၀ လောက်ကို လူအစား AI နည်းပညာသုံးသွားမယ်လို ပြောကြားထားတာကို Bloomberg သတင်းမှာရေးသားထားပါတယ်။ ဒီနေ့ခေတ် ကုမ္ပဏီတွေဟာ လူမငှားတော့ဘဲ AI နည်းပညာအကူအညီပိုမိုအသုံးပြုလာကြပါတယ်။

လောလောဆယ် DBS မှာ ယာယီနဲ့ စာချုပ်ချုပ်ထားတဲ့ ဝန်ထမ်း ၈၀၀၀ ကနေ ၉၀၀၀ အကြား ရှိပြီး ဝန်ထမ်းအားလုံးပေါင်း ၄၁၀၀၀ ဝန်းကျင် ရှိပါတယ်။ AI နည်းပညာနဲ့ အစားထိုးသွားမယ့် အလုပ်နေရာအများစုက ယာယီစာချုပ်နဲ့ ငှားထားတဲ့ ကန်ထရိုက်ဝန်ထမ်းတွေ နေရာ ဖြစ်ပြီး အမြဲတမ်းဝန်ထမ်းတွေတော့ အလုပ်ထိခိုက်မှာ မဟုတ်ဘူးလို ပြောပါတယ်။ DBS က အခုလည်း အလုပ်နေရာ ၃၅၀ အတွက် AI models ၈၀၀ ကျော်ကို သုံးနေတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း AI နဲ့ ဆိုင်တဲ့ အလုပ်အကိုင်သစ် ၁၀၀၀ လောက် ဖန်တီးပေးနိုင်ဖို မျှော်လင့်ထားတယ်ဆိုပြီး ဘဏ် CEO က ပြောပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ IMF ကတော့ AI ဟာ ကမ္ဘာတစ်လွှားက အလုပ်နေရာရဲ့ ၄၀% နီးပါးကို သက်ရောက်လာမယ်လို သတိပေးထားပါတယ်။ သတင်းတစ်ပုဒ်မှာလည်း AI ဟာ mid-level ဆော့ဖ်ဝဲလ်အင်ဂျင်နီယာနဲ့ Ph.D အဆင့် ရာထူးနေရာတွေကို ခြိမ်းခြောက်နိုင်တယ်လို ဖော်ပြထားပါတယ်။