ထိုင်းနိုင်ငံထွက် သီးနှံတွေကို ကမ္ဘာအနှံ့ကြော်ငြာနိုင်အောင် K-pop ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ လီဆာ ကို ဦးဆောင်ခိုင်းဖို့ ထိုင်း သစ်သီးစိုက်ပျိုးသူတွေက ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ကို တိုက်တွန်းခဲ့ပါတယ်။

နာမည်ကြီး ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်တွေရဲ့ Brand ambassador ဖြစ်တဲ့ လီဆာရဲ့ ကမ္ဘာတစ်ဝန်း လူကြိုက် များမှုကြောင့် ထိုင်းနိုင်ငံရဲ့ သစ်သီးတင်ပို့မှုတွေအတွက် ဈေးကွက်သစ်တွေ ချဲ့ထွင်ပေးနိုင်တယ်လို့ စန္ဒပူရီ ပြည်နယ်ကို ဝန်ကြီးချုပ်လာတုန်းက ပြောကြားခဲ့တယ်လို့ Bangkok Post မှာ ဖော်ပြထားပါတယ်။ အစိုးရရဲ့ ပံ့ပိုးမှုနဲ့ ထိုင်း သစ်သီးတင်ပို့မှုကနေ နှစ်စဉ် ထိုင်းဘတ် ဘီလီယံ ၂၀၀ ကနေ ၃၀၀ အစား ဘီလီယံ ၅၀၀ အထိရနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်နဲ့တွေ့ဆုံရာမှာ နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ ပိုမို မြန်ဆန်တဲ့ ထွက်ခွာခွင့်တွေရဖို့၊ အချိန်မတန်ဘဲ ဒူးရင်းသီးခူးဆွတ်တာတွေကို ထိန်းချုပ်ဖို့ စည်းမျဉ်းတွေနဲ့ လုပ်သားအင်အား မလုံလောက်မှုတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဖြုန်းတီးမှုနည်းအောင် အစိုးရကနေ ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ပိုလျှံနေတဲ့သီးနှံတွေကို ဝယ်ယူမဲ့အကြောင်း၊ တင်ပို့မှုလုပ်ငန်းစဉ်တွေကို အဆင်ပြေချောမွေ့အောင်ဆောင်ရွက်ပေးမှာဖြစ်ကြောင်းနဲ့ အလုပ်သမားဝန်ကြီး ဌာနကို လုပ်အားမလုံလောက်မှုအပေါ် ညွှန်ကြားမှုတွေ ပြုလုပ်ထားကြောင်း ဝန်ကြီးချုပ်က ပြန်လည်ဖြေကြား ခဲ့တယ်လို့ သိရပါတယ်။