ရွှေဈေးဆွဲတင်နေသူတွေ နဲ့ အွန်လိုင်း လေပတ်ကား ရွှေရောင်းဝယ်သူတွေကို တိုင်ကြားထားမှုတွေ ရှိတဲ့အတွက် တာဝန်ရှိသူတွေက ခေါ်ယူမေးမြန်းစစ်ဆေးနေတယ်လို ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့် က One News ကို ပြောပါတယ်။

အွန်လိုင်းကနေ လေပတ်ကား ရွှေအရောင်းအဝယ်ပြုလုပ်ပြီး ရွှေမပေးသူတွေ နဲ့ ရောင်းချရာမှာလည်း ငွေမပေးသူ တွေကို တိုင်ကြားထားတာတွေ ရှိတဲ့အတွက် အဲဒီလို လုပ်ဆောင်သူတွေကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေ တာလို ဆိုပါတယ်။လတ်တလော ပြည်တွင်းရွှေဈေး မြင့်တက်နေတာကြောင့် ရွှေဈေးပုံမှန် ပြန်ဖြစ်အောင် ဆောင်ရွက်နေတယ်လို ဦးမျိုးမြင့်က ပြောပါတယ်။ ပြည်တွင်းရွေဈေးကွက်ထဲမှာ ဈေးဆွဲတင်သူတွေ နဲ့ လေပတ်ကားရောင်းဝယ်သူတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် ရွှေ ဈေး ပြန်လည်ကျဆင်းလာမှာ ဖြစ်တယ်လို ဆိုပါတယ်။

လက်ရှိ ပြည်တွင်းရွှေအရောင်းအဝယ်ကတော့ ဈေးမြင့်တက်နေတဲ့အတွက် ဝယ်ယူတဲ့သူတွေ နည်းပြီး လာပြန် ရောင်းတဲ့သူတွေ များတယ်လို ဦးမျိုးမြင့်က ပြောပါတယ်။ဒါ့အပြင် အွန်လိုင်းကနေ ရွှေရောင်းဝယ်သူတွေ ငွေစုစာအုပ်နဲ့ ရွှေရောင်းတာ၊ တာလီစနစ်နဲ့ ရွှေရောင်းတာနဲ့ ကံစမ်းမဲ ဖောက်ပြီး ရွှေရောင်းတာတွေ မပြုလုပ်ဖို နဲ့ ရွှေလုပ်ငန်းရှင်တွေ၊ ရွှေဆိုင်တွေနဲ့ အွန်လိုင်းကနေတစ်ဆင့် ရွှေရောင်းဝယ်သူတွေအားလုံး ရွှေဆိုင်နဲ့ ပတ်သက်တဲ့ လိုင်စင်တွေကို မဖြစ်မနေ လျှောက်ထားကြဖို YGEA ဇွန် ၁၂ ရက်မှာ အထူးသတိပေးပန်ကြားလွှာ ထုတ်ပြန်ထားပါတယ်။