ဥရောပဗဟိုဘဏ် (ECB) ရဲ့ထုတ်ပြန်ချက်အရ ရွှေက ယူရိုငွေကြေးကို ကျော်တက်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး အရံစုဆောင်းပစ္စည်းဖြစ်လာပြီလို ရိုက်တာသတင်းမှာ ဖော်ပြလာပါတယ်။ဒါဟာ ကမ္ဘာ့ဗဟိုဘဏ်တွေရဲ့စံချိန်တင်ရွှေဝယ်ယူမှုတွေနဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့်လိုဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ဗဟိုဘဏ်တွေက ရွှေတန်ချိန် ၁၀၀၀ ကျော်အထိ တိုးပြီးဝယ်ယူခဲ့ကြတဲ့အတွက် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း နှစ်စဉ်ဝယ်ယူမှုရဲ့နှစ်ဆဖြစ်သွားပြီး စုစုပေါင်းရွှေတန်ချိန် ၃၆၀၀၀ အထိ ရောက်ရှိသွားတယ်လို ဥရောပဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။မြင့်မားတဲ့ဈေးနှုန်းနဲ့အတူ ဒီလိုစုပုံဝယ်ယူမှုကြောင့် ရွှေက ၂၀၂၄ ခုနှစ်မှာ ဈေးကွက်တန်ဖိုးအရ ဒေါ်လာပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး အရံစုဆောင်းပစ္စည်းဖြစ်လာတယ်လို ဇွန်လ ၁၁ ရက်နေ့ကထုတ်ပြန်တဲ့ ယူရိုငွေကြေးရဲ့ နိုင်ငံတကာ အခန်းကဏ္ဍအပေါ် နှစ်စဉ်သုံးသပ်ချက်စာစောင်မှာရေးသားဖော်ပြခဲ့တာပါ။ဈေးကွက်တန်ဖိုးအရ ၂၀၂၄ ခုနှစ်ကုန်မှာ ရွှေက ကမ္ဘာ့အရံစုဆောင်းပစ္စည်းရဲ့ ၂၀ ရာခိုင်နှုန်းကို ရောက်ရှိခဲ့ပြီး ယူရိုငွေကြေးထက် ၁၆ ရာခိုင်နှုန်းပိုသွားတာဖြစ်ပါတယ်။