ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ဖေဖော် ဝါရီလ ၁၀ ရက်နေ့မှာ စက်သုံးဆီပြင်ပပေါက်စျေးဟာ တစ်ဂါလန်ကို ငွေကျပ် ၅ သောင်းအထိ ရှိနေတယ်လို့ မြဝတီမြို့မှာ နေထိုင်တဲ့ဒေသခံတစ်ယောက်က One News ကို ပြောပါတယ်၊၊

ထိုင်းနိုင်ငံဘက်ကနေ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေကို နှိမ်နင်းနိုင်ဖို့အတွက် နယ်စပ်ဒေသ(၅)ခုကို လျှပ်စစ်နဲ့ စက်သုံးဆီ တင်ပို့မှုတွေ ဖေဖော်ဝါရီ ၅ ရက်က စတင်ကန့်သတ်ခဲ့တာကြောင့် မြဝတီမြို့မှာ စက်သုံးဆီ ပြတ်လပ် မှုတွေ ဖြစ်ပေါ်နေတာပါ၊၊

မြဝတီမြို့မှာရှိတဲ့ စက်သုံးဆီဆိုင် ၁၅ ဆိုင်လောက်ထဲက PT Power စက်သုံးဆီဆိုင်တစ်ဆိုင်ကသာ ရောင်းချ နေပါတယ်၊၊ ဒါ့အပြင် ထိုင်းနိုင်ငံဘက်ကနေ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တွေကို စက်သုံးဆီတင်သွင်းမှု ၆ လပိတ် ထားမယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်၊၊