မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အဦတွေအတွက် အာမခံလျော်ကြေးငွေ ကျပ် ၂ ဒသမ ၀၉၄ ဘီလီယံခန့် ပေးလျော်ပြီးဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်းကနေ သိရပါတယ်၊၊ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသူတွေကို လျော်ကြေးငွေ ပေးအပ်နိုင်ဖို့အတွက် မတ်လ ၂၉ ရက်က စတင်ပြီး အာမခံလျော်ကြေး လာရောက်ထုတ်ယူနိုင်ကြောင်း ကြေညာထားပြီးဖြစ်ပါတယ်၊၊

အာမခံကြေး ပေးလျော်ရာမှာ သဘာဝဘေးဒဏ်ကြောင့် ပေးလျော်နိုင်တဲ့ အာမခံအမျိုးအစား ထားရှိသူတွေကိုသာ လျော်ကြေး ငွေ ပေးတာဖြစ်ပါတယ်။မြန်မာ့အာမခံလုပ်ငန်းကနေ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအတွက် အာမခံစောင်ရေထားရှိမှု ၄၆၆ စောင် ငွေကျပ် ၂၈၆ ဒသမ ၁၅၆ ဘီလီယံရှိကာ ခန့်မှန်းလျော်ကြေးငွေ ၁၈၇၃၃၇ ဘီလီယံ ရှိတယ်လို့ သိရပါတယ်၊၊