ဘိလပ်မြေ၊ သဲ၊ ကျောက်၊ သံချောင်း စတဲ့ ကုန်ကြမ်းပစ္စည်းတွေကို အခြေခံထုတ်လုပ်ရတဲ့ ကွန်ကရစ်လုပ်ငန်းဟာ ကုန်ကြမ်းဈေးတွေ မြင့်မားလာတဲ့အတွက် အရောင်းအဝယ်ပါးလာတယ်လို မကွေးမြို ကွန်ကရစ်ပစ္စည်း ထုတ်လုပ်ရောင်းချသူတွေဆီက သိရပါတယ်။

မကွေးမြိုက ကွန်ကရစ်ပစ္စည်းထုတ်လုပ်ရောင်းချသူတွေဟာ အိမ်ဆောက်လုပ်ရာမှာ အသုံးပြုတဲ့အုတ်ဖိနပ်တိုင်၊ ကျောက်စည်၊ ခြံစည်းရိုးကျောက်တိုင်၊ ရေမြောင်းနဲ့မိန်လာကျင်းသုံးကျောက်ခွေတွေ၊ အလှပန်းအိုးတွေကို ထုတ်လုပ်ရောင်းချကြတာ ဖြစ်ပါတယ်။ကုန်ကြမ်းပစ္စည်းတွေထဲက အရေးပါတဲ့ ဘိလပ်မြေက ဝယ်ယူမရဘဲ ပစ္စည်းပြတ်တာ၊ လိုချင်တဲ့ အမျိုးအစား မရတာတွေလည်းရှိတယ်လို ဆိုပါတယ်။

လက်ရှိမကွေးမြိုရဲ့ကွန်ကရစ်ထုတ်ကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းမှာ ၁၈ လက္မအမြင့် ၈ လက္မပတ်လည် အုတ်ဖိနပ် တိုင်တစ်ခုကို ကျပ်(၁၃၀၀၀)၊ ၂၄ လက္မအမြင့်၊ ၁၀ လက္မပတ်လည်တစ်ခုကို ကျပ် (၂၃၀၀၀)၊ ခြံစည်ရိုးတိုင် တစ်ခုကို ကျပ်(၁၄၀၀၀)၊ ရေတစ်စည်ဆံ့ကျောက်စည်တစ်လုံးကို ကျပ် (၃၃၀၀၀)၊ ပန်းအိုးတစ်လုံးကို ကျပ် (၁၁၀၀၀)၊ ကျောက်ခွေ(ဂွေ)တစ်ခုကို ကျပ် (၁၄၀၀၀) ဈေးတွေရှိတယ်လို သိရပါတယ်။