နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီနဲ့ စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေအတွက် အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၇၃ သန်းကျော် ထုတ်ရောင်းမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့က FX Market Online Trading မှာ CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၇ သိန်း ၃ သောင်းကျော်ကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းချပေးခဲ့ပြီး စက်သုံးဆီလုပ်ငန်း ရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ နိုင်ငံခြားငွေကြေးတွေကို ရောင်းချပေးနေတာပါ။လက်ရှိ FX Market Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေတဲ့ ဈေးနှုန်းကတော့ အမေရိကန်တစ်ဒေါ်လာကို ၃၆၁၅ ကျပ်ဖြစ်ပြီး ထိုင်းတစ်ဘတ်ကို ၁၃၂ ဒသမ ၇၅ ကျပ် နဲ့ တရုတ်ငွေတစ်ယွမ်ကို ၅၄၈ ဒသမ ၂၄ ကျပ် ဖြစ်ပါတယ်။