မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် Fx Trading Platform ကနေ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာသန်း ၃၀ ထုတ်ရောင်းပေးသွားမှာဖြစ်တယ်လို့ စက်တင်ဘာလ(၂၀)ရက်မှာထုတ်ပြန်ကြေညာထားပါတယ်။
အဲဒီ အမေရိဒေါ်လာသန်း ၃၀ ကို ဘယ်ရက်မှာရောင်းချပေးသွားမလဲဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာဖော်ပြမထားသေးပါဘူး။ ပြီးခဲ့တဲ့စက်တင်ဘာ ၁၈ ရက်ကလည်း AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်တွေပါဝင်တဲ့ FX Trading Platform ကနေ ထိုင်းဘတ် ၁၀ သန်းထုတ်ရောင်းပေးခဲ့ပါတယ်။
အခုစက်တင်ဘာလအတွင်းမှာလည်း စက်သုံးဆီအတွက် အမေရိကန် ဒေါ်လာ ၁၀ သန်း၊ စားသုံးဆီအတွက်အမေရိကန် ဒေါ်လာ ၇ သန်း တစ်ကြိမ်နဲ့ အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲနီးပါးနဲ့ ထိုင်းဘတ်သန်း ၈၀ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ထုတ်ရောင်းပေးခဲ့ပါတယ်။
ဒါ့အပြင် ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့စီစဉ်ထားကြောင်း ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ကြေညာပြီးနောက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ဒေါ်လာတွေဆက်တိုက်ထုတ် ရောင်းပေးနေတာဖြစ်တယ်လို့လည်းသိရပါတယ်။