မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)ကနေ စက်သုံးဆီလုပ်ငန်းရှင် တွေအတွက် အမေရိကန်ဒေါ်လာ ၂၃ သန်းနဲ့ ထိုင်းဘတ် သန်း ၁၅၀ ရောင်းချပေးမယ်လို့ မတ်လ ၃ ရက်က ထုတ်ပြန်ပါတယ်။

အဲဒီနေ့မှာပဲ အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်တွေကို ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ ဗဟိုဘဏ်ကနေ ဒေါ်လာ၊ ယွမ် နဲ့ ထိုင်းဘတ်တွေကို ထုတ်ရောင်းပေးတဲ့အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ငွေလဲနှုန်းတွေ ကျဆင်းလာသလို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက်လည်း အဆင်ပြေလာတယ်လို့ သိရပါတယ်။