မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၂၃ သန်းနဲ့ ထိုင်းဘတ် သန်း ၁၅၀ ကို ရောင်းချပေးမယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။ ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platformကနေ စက်သုံးဆီလုပ်ငန်းရှင်တွေကို ရောင်းချပေးမယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်က ဒေါ်လာ၊ ယွမ်နဲ့ ထိုင်းဘတ်တွေကို ထုတ်ရောင်းပေးတဲ့အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ငွေလဲနှုန်းတွေ ကျဆင်းလာသလို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ အတွက်လည်း အဆင်ပြေလာတယ်လို့ သိရ ပါတယ်။ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်က ယွမ် ၉ သိန်းကျော်နဲ့ ထိုင်းဘတ် ၁ သန်းကျော်၊ ဖေဖော်ဝါရီ ၁၈ ရက်က တရုတ်ယွမ် ၁၀ သိန်းနီးပါးနဲ့ ထိုင်းဘတ် ၁ သန်း၊ ဖေဖော်ဝါရီ ၂၀ ရက်က ယွမ် ၆ သိန်းကျော်နဲ့ ထိုင်းဘတ် ၉ သိန်းကျော်တို့ကို ရောင်းချပေခဲ့သလို ဖေဖော်ဝါရီ ၂၄ ရက်ကလည်း တရုတ်ယွမ် ၅ သိန်းကျော်နဲ့ ထိုင်းဘတ် ၂ သန်းကျော်တို့ကိုလည်း ထုတ်ရောင်းပေးခဲ့ပါသေးတယ်။