ယူကရိန်းဟာ ကမ္ဘာ့ကုန်သွယ်ရေးအပြောင်းအလဲတွေအပြီး ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ပလဲနံပသင့်မှုတွေကြောင့် စံငွေကြေးစနစ်ကို ဒေါ်လာကနေယူရိုပြောင်းလဲဖို့ စတင်စဉ်းစားလာတဲ့အကြောင်း ဗဟိုဘဏ်အကြီးအကဲက ပြောကြားတာကို ရိုက်တာသတင်းမှာ ဖော်ပြပါရှိပါတယ်။ယူကရိန်းဟာ ဒေါ်လာကို စံငွေကြေးစနစ်အဖြစ်သုံးစွဲလာတာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ဈေးကွက် မငြိမ်မသက်ဖြစ်မှုတွေနဲ့ ကမ္ဘာ့ကုန်သွယ်ရေး အလဲလဲအပြိုပြို ဖြစ်လာနိုင်ခြေတွေကြောင့် ဗဟိုဘဏ်အနေနဲ့ ယူရိုကို စံငွေကြေးစနစ်အဖြစ် ပြောင်းလဲသုံးသင့်တယ်လို့ တိုက်တွန်းနေရတာ ဖြစ်တယ်လို့ ဗဟိုဘဏ်အကြီးအကဲက မှတ်ချက်ပြုခဲ့ပါတယ်။အဲဒီအပြောင်းအလဲဖြစ်နိုင်ခြေနဲ့ပတ်သက်လို့ ဒီကိစ္စက ရှုပ်ထွေးပြီး ဘက်ပေါင်းစုံ ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ယူကရိန်းအရာရှိက ပြောဆိုထားပါတယ်။