နိုင်ငံတကာ ခရီးသွားတွေအတွက် လွယ်ကူပြီး ရိုးရှင်းတဲ့ TAGTHAi ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်သစ်ကို ထိုင်း နိုင်ငံက မိတ်ဆက်လာကြောင်း Thaiger သတင်းမှာ ရေးသားထားပါတယ်။ နိုင်ငံတကာခရီးသွားတွေ အဆင်ပြေ စေဖို့နဲ့ လုံခြုံရေးအတွက် ဒီဇိုင်းထုတ်ထားတဲ့ TAGTHAi EASY PAY ငွေပေးချေမှုစနစ်ဟာ ထိုင်းနိုင်ငံတစ်ဝန်းမှာ ငွေပေးငွေယူ လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Kasikorn Bank နဲ့ပူးပေါင်း တီထွင်ထားတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်သစ်က ခရီးသွားတွေအနေနဲ့ နိုင်ငံ တစ်ဝန်းရှိ နေရာထောင်ပေါင်းများစွာမှာ Thai QR Payment ကို အသုံးပြုပြီး အလွယ်တကူ ငွေပေးချေနိုင်စေမှာ ဖြစ်ပါတယ်။TAGTHAi EASY PAY ဟာ ကြိုတင်ငွေပေးချေတာ၊ ခရီးသွားကတ်နဲ့ချိတ်ဆက်ထားပြီး ငွေကြေးလဲလှယ်တာ ဒါမှ မဟုတ် ငွေသားသယ်ဆောင်တာအတွက် လုံခြုံပြီး အဆင်ပြေတဲ့ အခြားရွေးချယ်စရာတစ်ခုအဖြစ် လုပ်ဆောင်ပေး မှာ ဖြစ်ပါတယ်။

ခရီးသွားတွေက သုဝဏ္ဏဘူမိနဲ့ ဒွန်မောင်းလေဆိပ်တွေ အပါအဝင် Kasikorn Bank ရဲ့ နိုင်ငံခြားငွေလဲခန်းတွေမှာ PAY&TOUR ကြိုတင်ငွေပေးကတ်ကို ရယူနိုင်ပါတယ်။ ပတ်စပို့ တင်ပြတာ၊ ငွေကြေးလဲလှယ်တာနဲ့ လျှောက်လွှာ ဒါမှမဟုတ် ကတ်အခကြေးငွေတွေ မပါဘဲ ကတ်ကို အခမဲ့ရယူနိုင်ပါတယ်။ကတ်ကို လက်ခံရရှိပြီးနောက် သုံးစွဲသူတွေက iOS ဒါမှမဟုတ် Android မှာ TAGTHAi အက်ပ်ကို ဒေါင်းလုဒ် လုပ်ကာ ‘Easy Pay’ ကို ရွေးချယ်ပြီး နိုင်ငံကူးလက်မှတ်နံပါတ်နဲ့ ရည်ညွှန်းနံပါတ်ကို ကတ်မှာထည့်သွင်းပြီး ချိတ်ဆက်ပါ။ မှတ်ပုံတင်ရာမှာ သတ်မှတ်ထားတဲ့ ပင်နံပါတ်ကို အတည်ပြုပြီးနောက် အသုံးပြုဖို့ အဆင်သင့်ဖြစ် ကြောင်း စာတိုပေးပို့မှုရရှိမှာ ဖြစ်ပါတယ်။