Bitcoin ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်လာပြီးနောက် Trump ရဲ့ crypto တိုကင်ဈေးကွက်တန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း Reuters သတင်းမှာ ရေးသားထားပါတယ်။

crypto တိုကင် ဆိုတာ ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုးဖြစ်ပြီး မကြာသေးမီအချိန်ကာလအတွင်းက ဈေးကွက်အတွင်းမှာ ထရမ့်မိတ်ဆက်ထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုးလည်း ဖြစ်ပါတယ်။ Donald Trump ရဲ့ အသစ်ထွက်ရှိ ထားတဲ့ cryptocurrency ငွေကြေး တစ်မျိုးဖြစ်တဲ့ crypto တိုကင်ဈေးကွက်တန်ဖိုးဟာ ဇန်နဝါရီလ ၂၀ ရက်မှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနီးပါးအထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒါဟာ cryptocurrency ဈေးကွက်ကို အရှိန်မြှင့်ဆောင်ရွက်ပြီး ပိုမိုတိုးတက်ထွန်းကားလာအောင် ဆောင်ရွက်ပေး မယ်ဆိုတဲ့ ထရမ့်ရဲ့မူဝါဒအတိုင်း အချိန်ခဏလေးအတွင်းမှာ အကောင်အထည်ဖော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း Bitcoin ဈေးနှုန်းဟာ ဇန်နဝါရီလ ၂၀ ရက် မနက်အစောပိုင်းမှာ အမေရိကန်ဒေါ်လာ ၁၀၉၀၇၁ နဲ့စံချိန်တင်မြင့်တက်လာပြီး ဒီဇင်ဘာလအတွင်းက ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာ တယ်လို့ သိရပါတယ်။