အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စည်းကြပ်ခွန်နဲ့ ကုန်သွယ်ရေးမူဝါဒတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် ဂျာမနီနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို သုညအောက် လျှော့ချလိုက်တယ်လို့ ဂျာမနီအစိုးရက ပြောကြားလာတာကို CNN သတင်းမှာ ပါရှိပါတယ်။

ထရမ့်ရဲ့ စည်းကြပ်ခွန်တွေနဲ့ကုန်သွယ်ရေးမူဝါဒတွေရဲ့အကျိုးအဆက်တွေက နိုင်ငံအပေါ် များစွာသက်ရောက်မှု ရှိခဲ့တယ်လို့ ဂျာမနီအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးက ပြောပါတယ်။ ဥရောပတိုက်မှာ စီးပွားရေး အတောင့်တင်းဆုံး ဖြစ်တဲ့ ဂျာမနီနိုင်ငံမှာ ၂၀၂၃ နဲ့ ၂၀၂၄ အတွင်း နှစ်နှစ်ဆက်တိုက် စီးပွားရေးကျဆင်းခဲ့ပြီးနောက် အခုချိန်မှာ ပြန်လည်သက်သာရာရစေမယ်လို့ မျှော်လင့်ချက် အနည်းငယ်ရှိထားပေမယ့် ထရမ့်ရဲ့ အခွန်ကောက်ခံမှုတွေ ကြောင့် ဂျာမနီနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို သုညအောက် လျှော့ချလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်က ဂျာမနီသွင်းကုန်အားလုံးအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းနဲ့ မော်တော်ကားတွေ၊ အလူမီနီယံနဲ့ သံမဏိတို့အပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ်ဆိုတဲ့ ကိစ္စကြောင့် ဂျာမနီနိုင်ငံရဲ့ အဓိက ပို့ကုန် ကဏ္ဍတွေဖြစ်ကြတဲ့ မော်တော်ကားနဲ့ ဆေးဝါးလုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် ထိပါးစေခဲ့တယ်လို့ ဂျာမနီ အစိုးရက ပြောကြာားထားပါတယ်။ဂျာမနီရဲ့ အဓိက ကုန်သွယ်ဖက်တွေဖြစ်ကြတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေမှာလည်း ထရမ့်ရဲ့အခွန်ကောက်ခံမှုတွေ ကြောင့် များစွာ အခက်အခဲ ဖြစ်စေခဲ့တယ်လို့ ဂျာမနီစီးပွားရေးဝန်ကြီးက ပြောပါတယ်။