၂၀၂၅ ခုနှစ် ပထမ သုံးလတာကာလအတွင်း တရုတ်နိုင်ငံရှိ စက်မှုလုပ်ငန်းကြီးတွေရဲ့ စုစုပေါင်းအမြတ်ငွေဟာ ကာလတူထက် ၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ အမျိုးသားစာရင်းအင်းဌာန(NBS)က ပြောပါတယ်။ တစ်နှစ်လုပ်ငန်းဝင်ငွေ အနည်းဆုံး ယွမ်သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၈သန်း) ရှိတဲ့ စက်မှုလုပ်ငန်း တွေဟာ အခုနှစ် ပထမ ၃ လအတွင်း အမြတ်ငွေစုစုပေါင်းယွမ် ၁ ဒသမ ၅၁ ထရီလီယံအထိ ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီကာလအတွင်း တရုတ်နိုင်ငံရှိ အဓိကစက်မှုလုပ်ငန်းကဏ္ဍတွေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကနေ အမြတ်တိုးတက်မှု ရှိခဲ့တာဖြစ်ပြီး စက်မှုလုပ်ငန်းအမျိုးအစား ၄၁ ခုအနက် ၂၄ ခုမှာ အမြတ်သိသိသာသာ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုကဏ္ဍမှာလည်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိခဲ့ပြီး ဇန်နဝါရီလကနေ မတ်လအတွင်း ရရှိခဲ့တဲ့ အမြတ်ငွေတွေဟာ ၇ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။