အခု ဇွန်လအတွင်း ပြည်တွင်းဈေးကွက်မှာ ၂၄ ပြည်ဆန်တစ်အိတ်ကို အမျိုးအစားအလိုက် အနိမ့်ဆုံး ကျပ် ၆၀,၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၁၅၅,၀၀၀ အတွင်း ရောင်းချဖို စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ပြည်ပတင်ပိုတဲ့ ဧည့်မထအုပ်စုအတွင်းက ဆန်တွေကို အကျိုးအကြေ ရာခိုင်နှုန်းအလိုက် ဆန်တစ်အိတ်ကို ကျပ် ၆၀,၀၀၀ ကနေ ၇၂,၀၀၀ အတွင်း ရောင်းချဖို သတ်မှတ်ထားပါတယ်။

ပြည်ပတင်ပိုသလို ပြည်တွင်းမှာပါစားသုံးတဲ့ ဆန်အုပ်စုတွေကိုတော့ တစ်အိတ်ကျပ် ၆၈,၀၀၀ ကနေ ၇၈,၀၀၀ အတွင်းနဲ့ မြန်မာနိုင်ငံအထက်ပိုင်းကထွက်ရှိတဲ့ ဧရာမင်း၊ ဧရာပဒေသာ ၊ မဂျမ်းတော ဆန်တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ကနေ ၁၃၃,၀၀၀ အတွင်း အရောင်းအဝယ်လုပ်ဖို သတ်မှတ်ပါတယ်။ ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးတိုက ထွက်ရှိတဲ့ ရွှေသွယ်၊ အညာသား၊ ပခန်း၊ ဆင်းသုခ၊ ရက် ၉၀၊ လုံးသွယ်မွှေး၊ မိုး-မနောသုခ၊ ဖန်သီးသုခ၊ ဗျော့ထွန်း၊ မှော်ဘီ -၂၊ မှော်ဘီ ၃၊ ဧရာပဒေသာ၊ ဧရာမင်း စတဲ့ ဆန်တွေကိုတော့ ကျပ် ၇၅,၀၀၀ ကနေ ၉၉,၀၀၀ အကြား သတ်မှတ်ထားပါတယ်။ဧရာဝတီပေါ်ဆန်းတွေကို ကျပ် ၁၀၇,၀၀၀ ကနေ ၁၂၅,၀၀၀ အတွင်း၊ ပေါ်ဆန်းအုပ်စုဝင် ခွံနီနဲ့ ပေါ်ကျွဲ တွေကတော့ ၉၀၀၀၀ ကနေ ၁၀၂,၀၀၀ အကြား၊ ပေါ်ဆန်းအုပ်စုဝင် ဘေးကြားနဲ့ ကြားပျံတွေကိုလည်း အမျိုးအစားအလိုက် ကျပ် ၁၁၇,၀၀၀ ကနေ ၁၃၅,၀၀၀ အကြား သတ်မှတ်ထားပါတယ်။ရွှေဘိုပေါ်ဆန်းကိုတော့ ကျပ် ၁၃၅,၀၀၀ ကနေ ၁၅၅,၀၀၀ သတ်မှတ်ထားတာပါ။ ဈေးကွက်အတွင်းရောင်းချ တဲ့အခါ အခုသတ်မှတ်ထားတဲ့ သင့်တင့်မျှတတဲ့ ရည်ညွှန်းဈေးတွေအပေါ် ၈ ရာခိုင်နှုန်း ထက် ပိုမရောင်းဖို အသိပေးထားပါတယ်။

ပြည်ပပိုတဲ့ဆန်ဈေးနှုန်းတွေကတော့ နိုင်ငံတကာဈေးကွက် အခြေအနေ၊ ငွေလဲနှုန်းတွေပေါ်မူတည်ပြီး အပြောင်း အလဲဖြစ်ပေါ်နိုင်ပြီး အပြောင်းအလဲဖြစ်ခဲ့ရင် သတ်မှတ်ရည်ညွှန်းဈေးရဲ့ ၁၀ ရာခိုင်နှုန်းအတွင်း ညှိနှိင်း ဝယ်ယူရမှာဖြစ်ပါတယ်။ သတ်မှတ်နှုန်းထားတွေထက် ဈေးနှုန်းမြှင့်တင်ရောင်းချတာ နဲ့ အရည်အသွေး မမှန်မကန်ရောင်းချရင် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နဲ့အညီ အရေးယူဆောင်ရွက်နေတာကြောင့် ဆန်စက်တွေ၊ ဆန်ဆိုင်တွေ၊ ကုန်သည်တွေနဲ့ ဆန်လုပ်ငန်းရှင်တွေ လိုက်နာဆောင်ရွက်ဖို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က အသိပေးထား ပါတယ်။