ပြည်တွင်းက ငွေကြေးအရင်းအနှီးလိုအပ်နေတဲ့ ဆီစက်လုပ်ငန်းရှင်၃၅ဦးကို ၂၀၂၂ ခုနှစ် ကနေ လက်ရှိအချိန်အထိချေးငွေ ကျပ် ၄၄၄၃ သန်း ထုတ်ချေးထားပြီးဖြစ်တယ်လို စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနက သိရပါတယ်။အရင်က ဆီစက်လုပ်ငန်းတွေကို အများဆုံးချေးငွေ ကျပ်သိန်း ၃၀၀၀ အထိ သာပေးခဲ့ပေမယ့် အခုအခါမှာ အများ ဆုံး ကျပ်သိန်း ၅၀၀၀ အထိ တိုးမြှင့်ပေးထားတယ်လို သိရပါတယ်။

ကျပ်သိန်း ၅၀၀၀ အထက် ရယူလိုတဲ့ လုပ်ငန်းရှင်တွေကတော့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ရုံးချုပ်ကို တိုက်ရိုက်လျှောက်ထားရမှာပါ။လက်ရှိမှာ ပြည်တွင်းက ငွေကြေးအရင်းအနှီးလိုအပ်နေတဲ့ ဆီစက်ပိုင်ရှင်တွေကို သက်သာတဲ့အတိုးနှုန်းနဲ့ ဆီစက် လုပ်ငန်းတွေဖွံဖြိုးရေးချေးငွေထုတ်ချေးဖို ထပ်မံကြေညာထားပါတယ်။ဆီစက်လုပ်ငန်းများဖွံဖြိုးရေးချေးငွေလျှောက်ထားရာမှာ လက်ရှိ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေတဲ့ဆီစက် ဖြစ်ရ မှာ ဖြစ်ပြီး လုပ်ငန်းအမည်ပေါက်လိုင်စင် သက်တမ်းရှိရမှာဖြစ်တယ်လိုဆိုပါတယ်။ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်တဲ့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေ၊ လယ်ယာမြေလုပ်ပိုင် ခွင့်ပြု လက်မှတ် ပုံစံ (၇)ကို ပေးအပ်ရမယ်လို သိရပါတယ်။ဘဏ်တွေကနေ လက်ရှိချေးငွေယူထားတဲ့ဆီစက်တွေကတော့ သီးခြားအာမခံတင်ပြနိုင်မှသာချေးငွေထုတ်ချေး မယ်လို ဆိုပါတယ်။ချေးငွေထုတ်ချေးရာမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ အတွက် အနည်းဆုံးကျပ်သိန်း ၁၀၀ ကနေ အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ မတည်ရင်းနှီးငွေအတွက် အနည်းဆုံးကျပ် သိန်း ၂၀၀ ကနေ ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးသွားမယ်လို သိရပါတယ်။

ချေးငွေပြန်ဆပ်ရမယ့်ကာလအနေနဲ့ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ အတွက် ချေးငွေသက်တမ်း ၁ နှစ်၊ မတည်ရင်းနှီးငွေအတွက် ချေးငွေသက်တမ်း၃ နှစ် ၊၃ရစ်ဆပ် ရမှာဖြစ်ပြီး အတိုးနှုန်းကတော့ တစ်နှစ်ကို ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ချေးငွေလျှောက်ထားရယူလိုတဲ့ ဆီစက်လုပ်ငန်းရှင်တွေအနေနဲ့ နေပြည်တော် အပါအဝင် သက်ဆိုင်ရာ တိုင်းဒေ သကြီး နဲ့ ပြည်နယ်တိုက ဆီစက်ပိုင်ရှင်များအသင်းရုံး၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းရုံး ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ရုံးခွဲအားလုံး၊ မြန်မာ့စီးပွားရေးဘဏ်ခွဲအားလုံး နဲ့ မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်ခွဲအားလုံးမှာ ချေးငွေအဆိုပြုလွှာထုတ်ယူပြီး လျှောက်ထားရမယ်လို သိရပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရဲ့ လမ်းညွှန်မှုနဲ့ ဆီစက်လုပ်ငန်းများဖွံဖြိုးရေးချေးငွေစီမံခန့်ခွဲမှုအဖွဲက ပြည်တွင်းဆီစက်တွေမှာ ခေတ်မီစက်ပစ္စည်းတွေ တိုးချဲ့တပ်ဆင်နိုင်ဖို ၊ ခေတ်မီဆီစက်အသစ်တွေ ထပ်မံ တည်ဆောက်နိုင်ဖိုနဲ့ ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်တွေအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေက မတည်ထူထောင်ထားတဲ့ ဆီစက်လုပ်ငန်းများချေးငွေရန်ပုံငွေကနေ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေ ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။