စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ဇွန် ၁၁ ရက်က အမေရိကန်ဒေါ်လာ ၁ သန်းကျော် ရောင်းချပေးခဲ့တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။FX Market Online Trading မှာ CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက ရောင်းချပေးခဲ့ တာလို့ ဆိုပါတယ်။ ဗဟိုဘဏ်အနေနဲ့ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ နိုင်ငံခြားငွေကြေးတွေကို ရောင်းချပေးနေတာပါ။

အခုလို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို နိုင်ငံခြားငွေ ထုတ်ရောင်းပေးတဲ့အတွက် ပြည်တွင်း စားအုန်းဆီ ဈေးနှုန်းတွေ ကျဆင်းလာသလို ဇွန် ၉ ရက်ကနေ ၁၅ ရက်အထိ စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေး တစ်ပိဿာကို ၆၁၈၅ ကျပ် သတ်မှတ်ထားပြီး အရင်အပတ်ထက် ဈေးကျဆင်းလာတာကို တွေ့ရပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် လည်း အမေရိကန်ဒေါ်လာ ၃၂ သန်း ရောင်းချပေးမယ်လို့ ဇွန် ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။