မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန် ဒေါ်လာ သန်း ၃၀ ရောင်းချပေးမယ်လို့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို ဇွန်လအစမှာ ပထမဦးဆုံး အကြိမ် အမေရိကန်ဒေါ်လာ ထုတ် ရောင်းပေးမှာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကလည်း ဒေါ်လာသန်း ၃၀ ထုတ်ရောင်းပေးခဲ့ပါတယ်။ ဗဟိုဘဏ် ကနေ အခုလို အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းပေးတဲ့အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ငွေလဲနှုန်းတွေ ကျဆင်းလာသလို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေအတွက်လည်း အဆင်ပြေလာနိုင်တယ်လို့ သိရပါတယ်။