မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက် မှာ စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၃ သန်းနဲ့ ထိုင်းဘတ် သန်း ၁၅၀ ရောင်းချပေးခဲ့တယ်လို့ မတ်လ၁၀ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အခုမတ်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၂၄ သန်းကျော်၊ တရုတ်ယွမ် ၄ သိန်းနဲ့ ထိုင်းဘတ် သန်း ၁၆၀ ကျော် တို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ရောင်း ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။