မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေကို ဇန်နဝါရီ ၃၀ ရက်က အမေရိကန်ဒေါ်လာ ၂၀ သန်း ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုရောင်းချရာမှာ ငွေလဲလှယ်နှုန်း အမေရိကန် တစ်ဒေါ်လာကို ၃၅၉၃ ကျပ်နှုန်းနဲ့ ရောင်းချပေးခဲ့တာ ဖြစ် တယ်လို့ ဆိုပါတယ်။ ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် အခု ထပ်မံ ထုတ်ရောင်းပေးတာ အပါအဝင် ဇန်နဝါရီလအတွင်း စုစုပေါင်း ဒေါ်လာ သန်း ၁၅၀ ကျော် ထုတ်ရောင်း ပေးထားတယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။