ကိစ္စရပ်တစ်မျိုးတည်း (Single Purpose)အတွက် အသုံးပြုနိုင်ရေးခွင့်ပြုထားတဲ့ ငွေပေးချေမှု ကတ် ၄ ခုကို ဖျက်သိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေ ၂၂ ရက်က အသိပေး ထုတ်ပြန်ပါတယ်။ဖျက်သိမ်းလိုက်တဲ့ ကတ် ၄ ခုကတော့ Kispa Nadi Express လီမိတက်ရဲ့ ipay Card၊ San Yaung Ni Road Transport ကုမ္ပဏီလီမိတက်ရဲ့ K Card၊ Active Business Consolidation ကုမ္ပဏီလီမိတက်ရဲ့ ABC Gift Card၊ Integrated Smart Solution ကုမ္ပဏီလီမိတက်ရဲ့ AnyPay Prepaid Card တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ လုပ်ငန်းတွေဟာ အီလက်ထရောနစ်ကတ်နဲ့ ငွေပေးချေမှုဆိုင်ရာ ညွှန်ကြားချက်အရ ဗဟိုဘဏ်က ထုတ်ပြန် ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့အတွက် အခုလို ဖျက်သိမ်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။လက်ရှိမှာတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်ထဲမှာ ပို့ကုန်/သွင်းကုန် လုပ်ငန်း ရှင်တွေအတွက် နေ့စဉ် နိုင်ငံခြားငွေတွေ ထုတ်ရောင်းပေးနေတာလည်း ရှိပါတယ်။