မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုးခဲ့မှုတွေအတွက် ပေးလျော်ရမယ့် အာမခံလျော်ကြေးငွေ ကျပ်ဘီလီယံ ၈၀ လောက် ရှိတယ်လို မြန်မာ့အာမခံလုပ်ငန်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ လက်ရှိမှာတော့ ငလျင် ကြောင့် ထိခိုက်ပျက်စီးမှုအတွက် မြန်မာ့အာမခံလုပ်ငန်းမှာ မီးနဲ့ မြေငလျင်ဘေးဒဏ် အာမခံထားသူတွေအနေနဲ့ လျော်ကြေးတောင်းခံစာ အစောင်ရေ(၁၅၈)စောင် ရှိပြီဖြစ်တယ်လို ဆိုပါတယ်။

လျော်ကြေး တောင်းခံထားသူတွေအတွက် ပေးလျော်ရမယ့် လျော်ကြေးငွေက ကျပ်ဘီလီယံ ၈၀ လောက် ရှိပြီး လျော်ကြေးပေးနိုင်ရေး အမြန်ဆုံး ဆောင်ရွက်နေတယ်လို ဆိုပါတယ်။ အာမခံထားရှိမှုတွေအတွက် သတ်မှတ်ချက် တွေကို ဖြေလျော့ပေးထားပြီး မြိုနယ်ထွေအုပ်၊ မီးသတ်၊ မိုးဇလနဲ့ စည်ပင် အဖွဲဝင်တွေ ပါဝင်တဲ့ လျော်ကြေးစိစစ် ရေးအဖွဲရဲ့ အစီရင်ခံစာ ပေါ်မူတည်ပြီး လျော်ကြေးပေးသွားမှာ ဖြစ်ပါတယ်။ လျော်ကြေးပေးတဲ့အခါမှာလည်း အလုံးစုံ ဆုံးရှုးမှုတွေအတွက် အာမခံထားတဲ့အတိုင်း အလုံးစုံ ပေးချေမှာဖြစ်ပြီး တစ်စိတ်တစ်ဒေသ ဆုံးရှုးမှုအတွက်တော့ ဆုံးရှုးတဲ့အစိတ်အပိုင်းအတွက် ပြင်ဆင်စရိတ်အဖြစ် လျော်ကြေးပေး ချေသွားမှာ ဖြစ်တယ်လိုလည်း မြန်မာ့အာမခံလုပ်ငန်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မြန်မာ့အာမခံလုပ်ငန်းကနေ လျော်ကြေးရယူလိုသူတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်း(ရန်ကုန်ရုံးချုပ်)နဲ့ နီးစပ်ရာ မြန်မာ့အာမခံလုပ်ငန်း ရုံးခွဲတွေမှာ ဆက်သွယ်လျော်ကြေးတောင်းခံနိုင်ပါတယ်။ မန္တလေးမြေငလျင်ကြီး လှုပ်ခတ် မှုကြောင့် နိုင်ငံတစ်ဝန်းမှာ လူနေအိမ် ခြောက်သောင်းကျော်၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၃၅၁၄ ကျောင်း၊ စာသင်ကျောင်း ၂၃၆၆ ကျောင်း၊ ဌာနဆိုင်ရာ ရုံး/အဆောက်အအုံ ၃၆၇၈ လုံး ပျက်စီးခဲ့တယ်လို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။