မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တစ်ဒေါ်လာကို ၃၅၉၅ ကျန်နဲ့ အမေရိကန်ဒေါ်လာ ၂၃ သန်း အပါအဝင် တစ်ဘတ် ကို ၁၃၁ ဒသမ ၅၀ ကျပ်နဲ့ ထိုင်းဘတ် သန်း ၁၅၀ ကျော်နဲ့ တစ်ယွမ်ကို ၅၄၂ ကျပ်နဲ့ တရုတ်ယွမ် ၃၄ သိန်းကျော် တို့ကို ဖေဖော်ဝါရီလ ၂၆ ရက်က ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ် တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့ တာပါ။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်ငွေနဲ့ ထိုင်းဘတ်ငွေတွေကို ထုတ်ရောင်းပေးတဲ့ အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ငွေလဲနှုန်းတွေ ကျဆင်းလာသလို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ အတွက်လည်း အဆင်ပြေလာတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်က ယွမ် ၉ သိန်းကျော်နဲ့ ထိုင်းဘတ် ၁ သန်း ကျော်၊ ဖေဖော်ဝါရီ ၁၈ ရက်က တရုတ်ယွမ် ၁၀ သိန်းနီးပါးနဲ့ ထိုင်းဘတ် ၁ သန်း၊ ဖေဖော်ဝါရီ ၂၀ ရက်က ယွမ် ၆ သိန်းကျော်နဲ့ ထိုင်းဘတ် ၉ သိန်းကျော်တို့ကို ရောင်းချပေခဲ့သလို ဖေဖော်ဝါရီ ၂၄ ရက်ကလည်း တရုတ်ယွမ် ၅ သိန်းကျော်နဲ့ ထိုင်းဘတ် ၂ သန်းကျော်တို့ကို ထုတ်ရောင်းပေးခဲ့သေးတယ်လို့ သိရပါတယ်။