မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တစ်ယွမ်ကို ၅၄၂ ကျပ်နဲ့ ယွမ် ၁၀ သိန်းနီးပါးနဲ့ တစ်ဘတ်ကို ၁၃၁ ဒသမ ၅၀ ကျပ်နဲ့ ဘတ် ၁ သန်းတို့ကို ဖေဖော်ဝါရီလ ၁၈ ရက်က ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့တာပါ။

ဗဟိုဘဏ်က ဒေါ်လာ၊ ယွမ် နဲ့ ထိုင်းဘတ်တွေကို ထုတ်ရောင်းပေးတဲ့ အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ငွေလဲနှုန်းတွေ ကျဆင်းလာသလို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ အတွက်လည်း အဆင်ပြေလာတယ်လို့ သိရပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း တရုတ်ယွမ် ၉ သိန်းကျော်နဲ့ ထိုင်းဘတ် ၁ သန်းကျော်တို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ရောင်းပေးခဲ့သေးတယ်လို့ သိရပါတယ်။