မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာသန်း ၂၀၀ နီးပါး ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေရောင်းချပေးခဲ့တာဖြစ်ပါတယ်။ ဩဂုတ် ၂ ရက်က ဒေါ်လာ ၅ သန်း၊ ဩဂုတ် ၉ ရက်က ဒေါ်လာ ၆ သန်း၊ ဩဂုတ် ၁၅ ရက်က ဒေါ်လာ ၉ သန်းကျော်၊ ဩဂုတ် ၁၉ ရက်က ဒေါ်လာသန်း ၉၀ နီးပါး၊ ဩဂုတ် ၂၂ ရက်ကဒေါ်လာ၃၁ သန်း၊ ဩဂုတ် ၂၆ ရက်ကဒေါ်လာ ၃၅ သန်းကျော်နဲ့ ဩဂုတ် ၂၈ ရက်က ဒေါ်လာ ၁၇ သန်းနီးပါးကိုထုတ်ရောင်းပေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာသန်း ၁၀၀ ပံ့ပို့ပေးဖို့ စီစဉ်ထားကြောင်း ဩဂုတ် ၁၄ ရက်ကထုတ်ပြန်ကြေညာပြီးနောက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ဒေါ်လာတွေဆက်တိုက်ထုတ်ရောင်းပေးနေတာဖြစ်တယ်လို့လည်းသိရပါတယ်။