မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ထိုင်းဘတ် ၁၀ သန်း ထုတ်ရောင်းပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေပါဝင်တဲ့ FX Trading Platform ကနေ စက်တင်ဘာ ၁၈ ရက်မှာ ရောင်းချပေးမှာလို့ဆိုပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အခုစက်တင်ဘာလအတွင်း စက်သုံးဆီအတွက်အမေရိကန်ဒေါ်လာ ၁၀ သန်း၊ စားသုံးဆီအတွက် အမေရိကန်ဒေါ်လာ ၇ သန်း ရောင်းချပေးခဲ့သလို စက်တင်ဘာလ(၄)ရက်ကလည်း အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲနီးပါးနဲ့ ထိုင်းဘတ်သန်း ၈၀ တို့ကို ထုတ်ရောင်းပေးခဲ့ပါတယ်။
ဒါ့အပြင် ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာသန်း ၁၀၀ ပံ့ပို့ပေးဖို့ စီစဉ်ထားကြောင်း ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ကြေညာပြီးနောက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ဒေါ်လာတွေဆက်တိုက်ထုတ်ရောင်းပေးနေတာဖြစ်တယ်လို့လည်းသိရပါတယ်။