မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဇူလိုင်လ ၄ ရက်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းကျော် ရောင်းချပေးခဲ့ပါတယ်။

နိုင်ငံခြားငွေကြေးဈေးကွက် FX Market မှာ CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁ သန်းကျော်ကို စားသုံးဆီလုပ်ငန်းရှင်တွေအတွက် ပြန်လည်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။အဲဒီအပြင် ဗဟိုဘဏ်က ရောင်းချပေးမယ့် အမေရိကန်ဒေါ်လာ ၁၀ သန်းထဲက အမေရိကန်ဒေါ်လာ ၄သိန်း၈သောင်းကျော်ကိုလည်း တခြားကုန်စည်တင်သွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းချပေးခဲ့တယ်လို့ ဗဟိုဘဏ်ကသိရပါတယ်။
ဇူလိုင်လ ၄ ရက်နေ့မှာပဲ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေအမေရိကန်ဒေါ်လာ ၅သိန်း၇သောင်းကျော်နဲ့ တရုတ်ယွမ် ၉ သိန်းကို ဗဟိုဘဏ်က ရောင်းချပေးခဲ့ပါတယ်။လက်ရှိ FX Market Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေတဲ့ ဈေးနှုန်း ကတော့ အမေရိကန်တစ်ဒေါ်လာကို ၃၆၁၇ကျပ်ဖြစ်ပြီး တရုတ်ငွေတစ်ယွမ်ကို ၅၅၁ကျပ်၊ ထိုင်းဘတ်ငွေတစ်ဘတ်ကို ၁၃၃ကျပ် ဖြစ်ပါတယ်။