လာမယ့် ၄ နှစ်အတွင်း အမေရိကန်မှာ ဒေါ်လာဘီလီယံ ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စတင်အကောင် အထည်ဖော်တော့မှာဖြစ်တယ်လို့ Apple ကုမ္ပဏီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီစီမံကိန်းမှာ လူပေါင်း ၂ သောင်းကို အလုပ်ခန့်ပြီး တက္ကဆက်ပြည်နယ်မှာ ဆာဗာစက်ရုံသစ်တည်ဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

ဒီစီမံကိန်းကနေ iPhone တွေမှာ Apple TV+ service အတွက် ရုပ်ရှင်နဲ့ TV shows တွေအထိ လိုအပ်တဲ့ supply တွေဘက်မှာ အကုန်ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပါတယ်။ Apple ဟာ အရင်ကလည်း ဘီလီယံ ရာနဲ့ချီ ရင်းနှီး မြှုပ်နှံတာတွေ ရှိခဲ့ပေမယ့် အခုတစ်ခါကတော့ စံချိန်တင် အများဆုံး ရင်းနှီးမြှုပ်နှံလိုက်တာလို့ ဆိုနိုင်ပါတယ်။ သမ္မတထရမ့်နဲ့ Apple CEO တင်မ်ကွတ်တို့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ပြီးတဲ့နောက် ဒီစီမံကိန်း ပေါ်လာတာ ဖြစ်ပါတယ်။ တင်မ်ကွတ်က Apple ရဲ့ ထုတ်လုပ်ရေးတွေကို မက္ကဆီကိုကနေ အမေရိကန်ကို ရွှေ့ပြောင်းဖို့လည်း ကတိပေးခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။

တစ်ဖက်မှာလည်း Apple ကုမ္ပဏီဟာ မြောက်ကယ်ရိုလိုင်းနား၊ အိုင်အိုဝါ၊ အော်ရဂွန်၊ အရီဇိုးနားနဲ့ နီဗားဒါးတို့မှာ လည်း ဒေတာစင်တာတွေ တိုးချဲ့တည်ဆောက်နေပြီး အဆင့်မြင့် ထုတ်လုပ်ရေးရန်ပုံငွေ၊ ထုတ်လုပ်မှုအကယ်ဒမီ၊ AI နဲ့ ဆီလီကွန်အင်ဂျင်နီယာပိုင်း ရင်းနှီးမြှုပ်နှံမှုတွေပါ နှစ်ဆတိုး သွားမယ်လို့လည်း ပြောကြားထားပါတယ်။