EV အားသွင်းစခန်းတွေ တိုးချဲ့တည်ဆောက်ဖို့အတွက် Xpeng နဲ့ Volkswagen ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Xpeng နဲ့ ဂျာမနီ ကားထုတ်လုပ်သူ Volkswagen တို့ဟာ လျှပ်စစ်ကား အခြေခံအဆောက်အအုံဆိုင်ရာနယ်ပယ်မှာ ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အမြန်အားသွင်းကွန်ရက်တွေ ဖွင့်လှစ်ဖို့ အတွက် ကုမ္ပဏီ နှစ်ခုပူးပေါင်းပြီး နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြတာပါ။

တရုတ်နိုင်ငံမှာရှိ တဲ့ မြို့ပေါင်း ၄၂၀ မှာ အားသွင်းစခန်းပေါင်း ၂၀၀၀၀ ကျော် တည်ဆောက်မှာ ဖြစ်ပါတယ်။ အခုလို ပူးပေါင်းရတဲ့ ရည်ရွယ်ချက်ကတော့ လာမယ့် ၂၀၂၆ ခုနှစ်အတွင်းမှာ Volkswagen ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကား မော်ဒယ်အသစ် ၂ မျိုးကို မိတ်ဆက်မှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလို ကွန်ရက်ချဲ့ထွင် တာလည်း ဖြစ်ပါတယ်။