SKD အမျိုးအစား ကားသစ်တချို့ ရဲ့ဈေးနှုန်းတွေက အမြင့်ဆုံး ရောက်ခဲ့တဲ့ ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လက်ရှိမှာ ပြန်လည်ကျဆင်းနေပြီး ဝယ်လိုအားကတော့ ပုံမှန်သာရှိတယ်လို့ ကားဈေးကွက် အသိုင်း အဝိုင်းက သိရပါတယ်။ လတ်တလောမှာ ကျပ်သိန်း ၂၀၀၀ ဝန်းကျင် SKD မော်တော်ယာဉ်အသစ် အမျိုးအစားတချို့ဟာ စက် တင်ဘာလနဲ့ နှိုင်းယှဉ်ရင် ကျပ်သိန်း ၃၀၀ ဝန်းကျင် နဲ့ ကျပ်သိန်း ၃၀၀၀ ဝန်းကျင် SKD မော်တော်ယာဉ် အသစ်အမျိုးအစားတချို့က ကျပ်သိန်း ၅၀၀ လောက်ကျတယ်လို့ သိရပါတယ်။

တစ်ပတ်ရစ် နံပါတ်ထွက်ပြီးသား SKD အမျိုးအစားကား တချို့ရဲ့ ဈေးနှုန်းတွေကတော့ ကျပ် သိန်း ၅၀ ကနေ ကျပ်သိန်း ၁၀၀ ဝန်းကျင်လောက်ပဲ ကျတယ်လို့ ကားဈေးကွက်က သိရပါတယ်။ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ကားဈေးတွေက အမြင့်ဆုံး အခြေအနေဖြစ်ခဲ့ပြီးနောက် လက်ရှိမှာ ပြန်ကျ လာတဲ့ ဈေးနှုန်းတွေက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတန်းတစ်ခုကို ပြန်ရောက်လာတာ ဖြစ်တယ်လို့ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။

ဒီလိုဈေးနှုန်းတွေ ပြန်ကျလာတာဟာ ဆူဇူကီး ၊ ကီရာ ၊ ဟွန်ဒိုင်း အစရှိတဲ့ SKD နာမည်ကြီး ကားဘရမ်း အမျိုးအစား အများစုကလည်း ဆက်တိုက် ထုတ်လုပ်နေတဲ့အတွက် ကားအသစ် ဈေးနှုန်းတွေက ကျဆင်း နေတာဖြစ်ပါတယ်။SKD ကားအမျိုးအစား တချို့ဈေးကျသလို ကျပ်သိန်း ၂ ထောင် အထက် ဈေးတန်းဖြစ်ခဲ့တဲ့ EV ကား ဈေး နှုန်း တွေကလည်း ခုဆိုရင် ကျပ်သိန်း ၁၈၀၀ ကနေ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ကို ပြန်ရောက်လာတယ်လို့ သိရပါတယ်။တစ်ပတ်ရစ် ကားဈေးကွက်ထဲမှာတော့ ဈေးတက်ဘရမ်းတချို့လည်းရှိနေပြီး ကားအမျိုးအစားနဲ့ မော် ဒယ် ပေါ်မူတည်ပြီး ဈေးကျတဲ့ ကားတချို့လည်း ရှိတယ်လို့ ကားဈေးကွက်က သိရပါတယ်။ပြည်တွင်းကားဈေးကွက်က SKD ကားအသစ်ထုတ်လုပ်တဲ့ အရေအတွက် နဲ့ ပြည်တွင်းငွေလဲနှုန်းတွေပေါ် အခြေခံပြီး အပြောင်းအလဲ ဖြစ်နေတာ ဖြစ်ပါတယ်။