ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှာ မေလ ၁၅ ရက် မနက်ပိုင်းက တွဲကားနဲ့ ဘေးတွဲဆိုင်ကယ် တိုက်မိ မှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်မှာ လူ(၁)ယောက် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့တဲ့ We Love Care Burma လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းကနေ သိရပါတယ်၊၊
ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီး၊ အုတ်ဖိုမှတ်တိုင်အနီး မောင်းနှင်နေတဲ့ဘေးတွဲဆိုင်ကယ်ကို တွဲကားက နောက်ကနေ ဝင်ရောက် တိုက်မိတာလို့ ဆိုပါတယ်၊၊
အဲဒီလိုဝင်ရောက်တိုက်မိတာကြောင့် ဘေးတွဲဆိုင်ကယ်ပေါ်က အသက်(၅၈)နှစ်အရွယ် အမျိုးသား(၁)ယောက် နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး သေဆုံးရုပ်အလောင်းကိုတော့ We Love Care Burma လူမှုဘဝစောင့်ရှောက် ရေးပရဟိတ အသင်းကယာဉ်နဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊