အစ္စရေးက အီရန်ကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်အပြီးမှာ ရေနံစိမ်းဈေးတွေ မြင့်တက် လာပြီး ကမ္ဘာ့ရေနံစိမ်း ထုတ်လုပ်မှုရဲ့ ၃ ပုံ ၁ ပုံပိုင်ဆိုင်ထားတဲ့ ဒေသအတွင်းမှာ အခုလို ထိပ်တိုက် ရင်ဆိုင်တွေ့မှုကြောင့် စိုးရိမ်မှုတွေ တိုးလာကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

Global benchmark Brent မှာ ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၆၅ ဒေါ်လာနဲ့ ၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး Texas Intermediate မှာတော့ အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၃၆ နဲ့ ၉ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တာပါ။ စွမ်းအင်ဆိုင်ရာကုန်ကျစရိတ်မြင့်တက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုကို ဖြစ်စေသလို အမေရိကန်ဦးဆောင်တဲ့ ကုန်သွယ်ရေးစစ်ပွဲရဲ့ဆိုးကျိုးတွေကို ရင်ဆိုင်နေရတဲ့ ဗဟိုဘဏ်ဝန်ထမ်းတွေ အတွက်လည်း လုပ်ငန်းဆောင်တာတွေ ပိုမိုရှုပ်ထွေးလာစေမှာ ဖြစ်ပါတယ်။

ရေနံဈေးဟာ အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုတွေကြောင့် ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဈေး ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီသက် ရောက်မှုဟာ အာရှမှာ သိပ်မပြင်းထန်ပေမယ့် အာရှစတော့ ဈေးကွက်မှာလည်း ကျဆင်းမှုတွေ ဖြစ်ခဲ့ပါတယ်။ ခိုင်မာတဲ့ကုန်ပစ္စည်းဖြစ်တဲ့ ရွှေ၊ အမေရိကန်ဒေါ်လာ၊ ဆွစ်ဖရန့်စ်နဲ့ ဂျပန်ယန်းတွေကတော့ တန်ဖိုးတွေ မြင့်တက်လာခဲ့ပါတယ်။