ရန်ကုန်-ပုသိမ် ခရီးစဉ်ကို စင်းလုံးငှားနဲ့ တစ်ဦးချင်းငှား EV Taxi ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ စွမ်းသူအောင် EV ဂိတ်ရဲ့ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ဖျာပုံ ရန်ကုန်ဂိတ်မှူး ဦးအောင်မြတ်သူက ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်-ဖျာပုံ၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်တွေကို စင်းလုံးငှားနဲ့ တစ်ဦးချင်းငှား EV Taxi တွေ ပြေးဆွဲပေးနေတာြဖစ်ပြီး ရန်ကုန်-ဖျာပုံ ခရီးစဉ်ကို ပြီးခဲ့တဲ့ ၂ နှစ်လောက်က စတင်ပြေးဆွဲပေးခဲ့ကာ ရန်ကုန်-မော်လမြိုင်ကိုတော့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က စတင်ပြေးဆွဲပေးခဲ့တယ်လို့ သိရပါတယ်။

EV Taxi ရဲ့ အားသာချက်အနေနဲ့ ခရီးအစအဆုံး အဲကွန်းဖွင့်ပေးတာ၊ ဆူညံသံ မရှိဘဲ သက်သောင့်သက်သာ စီးနင်း နိုင်တဲ့အပြင် အနီးစပ်ဆုံး နေရာတွေကို အိမ်တိုင်ရာရောက် အကြိုအပို့ လုပ်ပေးတာအပြင် EV Taxi အားသွင်းလို့ အဆင်ပြေမယ့် နေရာတွေကိုလည်း စင်းလုံးငှား ပြေးဆွဲပေးနေတယ်လို့ စွမ်းသူအောင် EV ဂိတ်ရဲ့ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ဖျာပုံ ရန်ကုန် ဂိတ်မှူး ဦးအောင်မြတ်သူက ပြောပါတယ်။လက်ရှိမှာတော့ ရန်ကုန်-ဖျာပုံ ခရီးစဉ်အနေနဲ့ တစ်နေ့ကို EV Taxi (၂၄) စီး၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်ကိုတော့ တစ်နေ့ကို EV Taxi (၁၀)စီးနဲ့ ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။