လိုင်စင်မဲ့ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေ စီးနင်းနေမှုတွေကို ဖော်ထုတ်သွားဖို့နဲ့ နံပါတ်ပြားတွေ အတုပြုလုပ်တာနဲ့ လိုင်စင်တွေ အတုပြုလုပ်နေတာတွေကို တွေ့ရှိရပြီး တာဝန်ရှိသူတွေအနေနဲ့ ပါဝင်ပတ်သက် နေသူ အားလုံးကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားဖို့ လိုတယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မေ ၂၀ ရက်က ပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယ နေ့မှာ ပြောကြား ခဲ့တာပါ။လိုင်စင်မဲ့ မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်တွေ စီးနင်းနေတာတွေ ရှိနေတဲ့အတွက် နိုင်ငံတော်အနေနဲ့ အခွန် အခ များစွာနစ်နာမှုရှိမှာဖြစ်သလို လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း အခက်အခဲတွေ ဖြစ်ပေါ်နိုင်မှာ ဖြစ် တယ်လို့ ဆိုပါတယ်။အဲဒါကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအလိုက် လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေ စီးနင်းမှု မရှိစေဖို့ ကြပ်မတ်ဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။